ဆီးကဘာလို့ အရမ်းနံနေရတာလဲ
ဆီးမှာ ပုံမှန်မဟုတ်တဲ့ အနံ့ တစ်မျိုးမျိုး ထွက်နေတာက ဆီးချိုရဲ့ လက္ခဏာရပ် တစ်ခု ဖြစ်နိုင်သလို ရောဂါပိုးဝင်ကူးစက်မှု တစ်ခုခု ခံစားနေရတာ၊ အနံ့ပြင်းတဲ့ အစားအသောက တစ်ခုခု စားမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချိုပသော အခြေအနေတွေမှာတော့ ရေသောက်နည်းနေတာကြောင့်လည်း ဆီးက အနံ့ပြင်းနေတတ်ပါတယ်။ ရောဂါကြောင့် မဟုတ်တဲ့ အချို့သော အခြေအနေတွေမှာတော့ ရေများများ သောက်ပေးလိုက်ရင် သက်သာသွားတာမျိုး ရှိတတ်ပေမယ့် အချို့သော အခြေအနေတွေမှာတော့ ရောဂါတွေ ရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်တဲ့အတွက် သတိထားနိုင်စေဖို့ ဖော်ပြလိုက်ရပါတယ်။
ဆီးက ပုံမှန်ဆို မနံဘူးလား
ဆီးဆိူတာကတော့ ကိုယ်တွင်းက အဆိပ်အတော်ကတွေကို ကျောက်ကပ်က စစ်ထုတ်ပြီ ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်လိုက်တဲ့ အရာဖြစ်တာကြောင့် ပုံမှန်ကတော့ နံပါတယ်။ နောက်တစ်ခုရှိတာက တစ်ညလုံး အိပ်ထားပြီး မနက်နိုးနိုးချင်းမှာ စွန့်တဲ့ ဆီးကလည်း ရေလုံးဝမသောက်ထားတာ ကြာရှည်စွာ သိုလှောင်ထားတာတွေကြောင့် အနံ့ပြင်းတာမျိုး ရှိနိုင်ပါတယ်။
အချို့သော အခြေအနေတွေမှာတော့ ဆီးအနံ့ပြင်းတာက ကူးစက်မှုတစ်ရပ်ရပ်ရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ တစ်နေ့တာလုံး ဘယ်အချိန်သွားသွား ဆီးကနံနေမယ်ဆိုရင်တော့ ကျန်းမာရေး အခြေအနေ တစ်ခုခု ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။
ဆီးနံ့ရတဲ့ အကြောင်းအရင်းများ
ဆီးအနံ့ပြင်းနေပြီဆိုရင် ဒီအချက်တွေ ရှိနေလားဆိုတာကို ဆန်းစစ်ကြည့်ပါ။
ရေသောက်နည်းနေတာ - ရေသောက်နည်းတာက ဆီးကို အနံ့ပြင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးက အနံ့ပြင်းပြီး အရောင်ရင့်နေမယ်ဆိုရင် ရေကို ပြည့်ပြည့်ဝဝ သောက်ပေးပါ။
အနံ့ပြင်းတဲ့ အစားအစာ စားမိတာ - အနံ့ပြင်းတဲ့ အစားအစာတွေ ဥပမာ - တညင်းသီး၊ ကညွတ် စတာတွေက ဆီးအနံ့ကို ပြင်းစေနိုင်ပါတယ်။
ဆေးဝါးတွေ - အချို့သော ဆေးဝါးတွေ၊ အားဆေးတွေ၊ ဖြည့်စွက်ဗီတာမင် ဆေးတွေကလည်း ဆီးအနံ့ပြင်းစေနိုင်ပါတယ်။ ဒါတွေ သောက်နေတယ်ဆိုရင်လည်း ဆီးအနံ့ပြင်းနိုင်တယ်ဆိုတာကို သိဖို့ လိုပါမယ်။ ဆီးချိုဆေးတွေ၊ အားဆေးတွေကလည်း ဆီးနံ့ပြင်းစေနိုင်ပါတယ်။
ဓာတ်ရောင်ခြည် ကုထုံး ခံယူနေရတာ - ကင်ဆာရောဂါ ခံစားနေရပြီး ဓာတ်ရောင်ခြည် ကုထုံး ခံယူနေရမယ်ဆိုရင်လည်း ဆီးအနံ့ပြင်းတာမျိုး ခံစားရနိုင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာ - ဆီးလ်မ်းကြောင်း ပိုးဝင်ချိန်မှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေက ဆီးအိမ်၊ ဆီးပို့ပြွန်နဲ့ ကျောက်ကပ်ဆီကို ရောက်ရှိသွားမယ်ဆိုရင်လည်း ဆီးနံ့ပြင်းနိုင်ပါတယ်။
မိန်းမကိုယ် ပိုးဝင်တာ - အမျိုးသမီးတွေမှာ မိန်းမကိုယ် ပိုးဝင်တဲ့ အခြေအနေမျိုးမှာလည်း ဆီးနံ့ပြင်းတာမျိုး ခံစားရနိုင်ပါတယ်။
ဆီးချိုရှိတာ - ဆီးချိုရှိနေချိန်မှာ ဆီးနံ့ပြင်းနိုင်သလို ဆီးချိုဆေးတွေကလည်း ဆီးနံ့ပြင်းစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် ပြင်းထန်တာနဲ့အမျှ ဆီးနံ့ကလည်း ပြင်းထန်နိုင်ပါတယ်။ အချို့ ဆီးချိုရောဂါ ခံစားနေရသူတွေမှာ ဆီးက ချိုအီအီ အနံ့မျိုး ရှိနိုင်ပါတယ်။
ကိုယ်တွင်းအင်္ဂါ တစ်ခုခု ပျက်စီးနေတာ - ကိုယ်တွင်းအင်္ဂါ တစ်ခုခု ပျက်စီးနေမယ်ဆိုရင်ဖြစ်ဖြစ် လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ မလုပ်ဆောင်နိုင်တဲ့ အခါမျိုးမှာ ဖြစ်ဖြစ် ဆီးနံ့ပြင်းတာမျိုး ခံစားရနိုင်ပါတယ်။ ကျောက်ကပ် ပျက်စီးနေသူတွေမှာလည်း ဆီးနံ့ပြင်းတာကို ခံစားရနိုင်ပါတယ်။
မွန်မွန်